ကြေကွဲဖွယ်ဖြစ်ရပ်(ဆရ့ာဝန်တဦးကြောင့်ကြွေလွင့်ခဲ့ရသော ရတနာတပါး

dear all

this is the reproduction of my reply to my younger son Linn Zaw Win who sent me the original article in Myanmar and asked me about my view on the subject

မင်္ဂလာပါ သူငယ်ချင်းတို့… အခုတင်လိုက်တဲ့ မေးလ်ဟာ စာရေးဆရာမတစ်ယောက်လည်းဖြစ် ဆရာဝန်တစ်ယောက်လည်းဖြစ်တဲ့ အဖြူရောင်ရဲ့ မေးလ်လေးပါ….။ ဆေးပညာအသိုင်းအ၀ိုင်းရဲ့ အမြင်နဲ့ ရေးပြထားတာကို ဖတ်သင့် တယ်လို့ တော့ ထင်လို့ ပြန်လည်တင်ပြလိုက်ပါတယ်…။ ဒီမေးလ်ဟာ သူငယ်ချင်းတို့ ရဲ့ မေးလ်တွေထဲကို ရောက်ကောင်းလည်း ရောက်နေပါလိမ့် မယ်…။ ဒါကြောင့် ဖတ်ပြီးသူတွေက ကျော်လွှားနိုင်ပြီး မဖတ်ရသေးတဲ့ သူတွေ ဖတ်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ တင်ပြလိုက်ပါတယ်…..။

အမှန်တရားကို မြတ်နိုးကြပါ၊ ပြီးတော့ လက်ခံသင့်မှလက်ခံကြပါ။

ရန်ကုန်မြို့ မှာ လတ်တလောလေးကမှ အလွန်ရေပန်းစားသွားသော သတင်းတခုအကြောင်းရှင်းပြချင်လို့ ပါ။
SSC မှာမှားယွင်းခွဲစိတ်မိလို့ သေသွားတယ်ဆိုတဲ့ ကောင်မလေးဖြစ်ရပ်ပါ။
ကောင်မလေးသေဆုံးရမှုအပေါ် တကယ်ကိုပဲစိတ်မကောင်းဖြစ်ရပါတယ် ။
တကယ်ကို တော်တဲ့ကလေးတယောက်မို့လို့ပါ။
ဒါပေမဲ့ ခွဲစိပ်တဲ့ ဆရာကြီး အပြစ်လို့ ဝိုင်းပြောနေကြတဲ့ ဂျာနယ်လစ်တွေကို တော့ တကယ်ကိုစိတ်တိုမိပါတယ်။
အထူးသဖြင့် Eleven Media Group ကထုတ်တဲ့ ဂျာနယ်တွေမှာ ဖြစ်ပါတယ်။

ဆရာကြီးဦးကြည်စိုး ဆိုတာမြန်မာနိုင်ငံမှာ နှစ်ယောက်မရှိနိုင်တော့တဲ့ Surgeon ဆရာဝန်ကြီးတစ်ယောက်ပါ။
ဆေး (၁)၊ ဆေး (၂) ၊ ဆေး မကွေး ၊ဆေးမန်း စတဲ့ ဆေးကျောင်းလေးကျောင်းလုံးမှာ Professor & Head ရာထူးနဲ့ ဆောင်ရွက်ခဲ့ ပြီး အခု retire ယူထားပြီး အပြင်ဆေးခန်းကြီးတွေမှာ အောင်မြင်နေတဲ့ ဆရာဝန်ကြီးတစ်ယောက်ပါ။ သူ့လိုမျိုးလူ ကျောင်းလေးကျောင်းလုံးရဲ့ Professor ဖြစ်ခဲ့တဲ့ လူမျိုးခုခေတ်မှာ လုံးဝလုံးဝမရှိတော့ပါဘူး။ လူနာတွေပေါ်မှာသဘောထားကောင်းသလို လက်အောက်ငယ်သား၊ တပည့်သားသမီးတွေ အပေါ်မှာလည်း ကျောသားရင်သားမခွဲခြားပဲ ဆက်ဆံဂရုစိုက်တဲ့ ဆရာကြီးတစ်ယောက်ပါ။

အခုဖြစ်ရပ်မှာလည်း တကယ်တန်း တာဝန်ရှိတာ ကောင်မလေးကို စဖျားကတည်းက ကုတယ်ဆိုတဲ့  GP ဆရာဝန်ပါ (အောင်ရတနာဆေးခန်းလို့သိရပါတယ်)။ သူဟာ ဆရာဝန်တယောက် ဖြစ်ပါရက်နဲ့  သူ့ဆီလာပြတဲ့ လူနာ သွေးလွန်တုပ်ကွေးဖြစ်နေတယ်ဆိုတာ diagnose မလုပ်နိုင်တာ သူ့ ညံ့ဖျင်းမှုပါ။ ကောင်မလေးက လေးရက်တောင်ဖျားပြီးမှ ဆရာကြီးဦးကြည်စိုး ဆီကိုရောက်တာပါ။ လူနာက ဆရာကြီးဆီ ရောက်တဲ့ အချိန်မှာ Dengue Shock စ၀င်နေပါပြီ။ ပြီးတော့ကောင်မလေးမှာပြနေတဲ့ လက္ခဏာတွေ က appendicitis (အူအတက်ရောင်ရောဂါ) နဲ့  တထပ်တည်းကိုတူနေတာပါ။ ဖျားနေတာ၊ အန်တာ၊ ဗိုက်ကြီးပူတာ၊ ချက်ညာပတ်ဝန်းကျင်မှာ နာတာ၊သွေးကြောတွေဝမ်းဗိုက်မှာ မြင်နေရတာ အူအတက်ပေါက်တယ်ဆိုတဲ့ appendicitis ရဲ့လက္ခဏာတွေပါပဲ။ အူအတက်ပေါက်တယ်ဆိုတာ ချက်ချင်းခွဲမှဖြစ်တာပါ။ အဲဒါကို လူပိန်းတောင်သိပါတယ်။ ဆရာကြီးနေရာမှာ တခြားနာမည်ကြီးဆရာဝန်တယောက် ဆိုလည်း မှားမှာပါပဲ။

ဒီတော့နည်းနည်းမှစစ်ဆေးမှုမလုပ်ဘူးလား ဆိုပြီးမေးဖွယ်ရာရှိပါတယ်။ လူနာက စစ်ဆေးလာပြီးသားဖြစ်နေလို့ပါ။ အောင်ရတနာက ဆရာဝန်က သူတို့ဆေးခန်းက ခွဲစိပ်ဆရာဝန်နဲ့ ခွဲဖို့အတွက် လိုအပ်တာတွေစစ်ပြီးသားပါ။ လူနာကောင်မလေးရဲ့အဖွားလုပ်တဲ့သူက သူ့ဆရာ ဆရာကြီးဦးကြည်စိုးနဲ့ပဲ ခွဲမယ်ဆိုပြီး SSC ကိုခေါ်လာလို့ ဆရာကြီးကို လာပြတော့ ဆရာကြီးက ECG ရိုက်ခိုင်းပြီး ကောင်းရင် Operation လုပ်မယ်ပြောပြီး အရေးပေါ်ခွဲပေးလိုက်ပါတယ်။ လူနာက ဆရာကြီးဆီ ရောက်လာတဲ့ အချိန်မှာ သေကိုသေတော့မယ့် အခြေအနေပါ။ စစ်ဆေးတာ dengue မှန်းသိလို့ မခွဲရင်လည်းမခွဲလို့ သေတယ်ဆိုပြီး ဖြစ်လာဦးမှာပါ။ ဘာလို့လဲဆိုတော့ ကောင်မလေးရဲ့ Ultrasound အဖြေကလည်း Appendicitis ပြနေလို့ပါ။ အဲဒီတော့ ဘယ်သူ့ အမှားလည်း ဆိုတာသာတွေးကြည့် ပါတော့။

ပြီးတော့နောက်တစ်ခုက ဆရာကြီးက လူနာကို တခါပဲ လာကြည့် ပြီး ၊လက်လွတ်စပါယ်ထားတယ်ဆိုတဲ့ အကြောင်းပါ။ ဆရာကြီးဟာ ဒီလူနာရောက်မလာခင် တစ်ပတ်လောက် အလိုကတည်းက တရုတ်နိုင်ငံသွားဖို့  well planned လုပ်ထားပြီးသားပါ။ လူနာရှင်တွေက ဆရာဦးကြည်စိုးမှ ဦးကြည်စိုးဆိုပြီး by name နဲ့ ရောက်လာတာပါ။ ဒီတော့ အဘွားလုပ်သူရဲ့ မျက်နှာနဲ့ ဆရာကြီးက ခရီးမထွက်ခင်လေး operation လုပ်ပေးခဲ့ တာပါ (အတိအကျပြောရင် ဒီနေ့ Operation လုပ်ရင် သဘက်ခါ ဆရာကြီးက သွားတော့မှာပါ)။ ပြီးတော့လူနာ ဆုံးသွားတဲ့ အချိန်မှာလည်းဆရာကြီးက တရုတ်မှာပါ။ သူ့ ကနဂိုတည်းက အစီအစဉ်ရှိပြီးသား ခရီးစဉ်ကိုသွားတာပါ။ ခွဲခန်းကထွက်လာတော့ လူနာကကောင်းပါတယ်။ ဆရာကြီးက မသွားခင် Post-op Accessment လာလုပ်ပေးသွားပါသေးတယ်။

ဆိုလိုချင်တာက ဆရာကြီးကခွဲလိုက်လို့ သေရတာမဟုတ်ပါဘူး။ သေမည့် လူနာကို ဆရာကြီးကခွဲမိသွားတာပါ။ မဟာဇီဝကကြီးတောင် ကုရင်းသေတဲ့လူနာရှိခဲ့မှာပါ။ ဒါကြောင့်လည်း “မမှားသောရှေ့နေ မသေသောဆေးသမား” ဆိုပြီး စကားပုံရှိခဲ့မှာပါ။ သေရမယ်လို့ ရှိပြီးသားလူတစ်ယောက်က သေမင်းလက်က ပြေးမလွတ်ပါဘူး။ ခုတော့ ဆရာကြီးအဖြစ်က ဓားခုတ်ရာ လက်ဝင်လျှိုလိုက်သလိုဖြစ်ရပါတယ်။ ဒီလိုပြောလို့ လူ့အသက်ကို တန်ဖိုးမထားတာမဟုတ်ပါဘူး။ စိတ်ရင်းကောင်းတဲ့ ဆရာဝန်တွေကို မေးကြည့်ပါ။ ကိုယ်ကုပေးနေတဲ့ လူနာ ကုမရတော့ဘဲ ရောဂါနဲ့သေသွားခဲ့ရင် လူနာရှင်လောက်မဟုတ်ပေမယ့် ၀မ်းနည်းမှုကတော့ ရင်ထဲမှာ အတိုင်းအတာတစ်ခုအထိဖြစ်ပါတယ်။ အဲဒါခံစားချက်ကို ဆေးရုံမှာ အငယ်ဆုံးတွေပါဆိုတဲ့ အလုပ်သင်ဆရာဝန်လေးတွေတောင် ခံစားကြရပါတယ်။

ပြီးတော့ ဆေးရုံစရိတ် ၁၁ သိန်းဆိုတာကလည်း ၁၁သိန်းနဲ့ တန်အောင်လုပ်ပေးတဲ ဆေးရုံကိုသွားလို့ ၁၁သိန်းကုန်တာပါ ။ ၁၁သိန်းကုန်အောင် ၀န်ဆောင်မှုပေးခဲ့ လို့  တန်သလောက်ပေးရတာပါ။ မကုန်ချင်ရင် မကုန်တဲ့နေရာကိုသွားလို့ရပါတယ်။ အဲဒါကို Weekly Eleven ဂျာနယ်မှာ ရေးထားတာတွေက တကယ်ကို ဆိုးဝါးပါတယ်။ ဘာကြောင့်လဲဆိုတာ အစကမသိပါဘူး။ အဲဒီဂျာနယ်တိုက်ပိုင်ရှင်က ဒေါက်တာသန်းထွန်းအောင် ဖြစ်ပြီး ဆရာဝန်အချင်းချင်း Ethic မထားပဲ စော်ကားရသလဲလို့ တွေးမိပါသေးတယ်။ နောက်တော့မှ သူဟာ အာရှတော်ဝင်ဆေးခန်းရဲ့ ရှယ်ယာဝင်တဦးလည်းဖြစ်တယ်ဆိုတာ သိရပါတယ်။ SSC ဆိုတာ မြန်မာနိင်ငံရဲ့ ပြင်ပဆေးခန်းကြီးတွေထဲမှာမှ TOP ပါ။ ၀င်ငွေအနေနဲ့လည်း အကောင်းဆုံးဆေးခန်းတစ်ခုဖြစ်သလို ဆရာဝန်ကြီးတော်တော်များများလည်း SSC ကိုရွေးကြပါတယ်။ ဘာလို့လဲဆိုတော့ သူတို့က ကောင်းမွန်ပြေပစ်တဲ့ ဆက်ဆံရေးရှိလို့ပါပဲ။ အဲဒါကြောင့်  အာရှတော်ဝင် နဲ့ SSC ဟာအပြိုင်သဘောမျိုးဖြစ်နေပါတယ်။ ပိုဆိုးတာက SSC ဆိုတာ နောက်မှဖွင့်တဲ့ ဆေးခန်းကြီးဖြစ်ပြီး အာရှတော်ဝင်ထက်အောင်မြင်နေလို့လည်းပါပါတယ်။ အခုဖြစ်ရပ်မှာလည်း လူနာသေဆုံးခြင်းထက် ဆရာကြီးကို အသုံးချကာ SSC ဆေးခန်းအား တိုက်ခိုက်ခြင်းဖြစ်ပါတယ်။

အသေးစိတ်မသိတဲ့ ပြည်သူလူထုကိုထင်ယောင်မှားတွေ ဖြစ်အောင်သွေးထိုးလှုံ့ ဆော်ကာ စီးပွားရေး အရသက်သက်တိုက်ခိုက်ခြင်း ဖြစ်ပါတယ်။ ဒီဂျာနယ်တိုက်ပိုင်ရှင် ဆရာဝန်ကိုလည်း အတော်ကိုအံ့ သြမိပါတယ်။ သူကိုယ်တိုင်ဆရာဝန်တယောက်ဖြစ်ပါလျက်နှင့် ဒီလိုသတင်းမှားမျိုးကို ရေးသားထုတ်ဝေရဲ တာ ဆရာဝန်စိတ်ဓာတ်မရှိခြင်းပင် ဖြစ်ပါတယ်။ ဒီလိုဆရာဝန်မျိုးနှင့် ကုသမည့် လူနာများအတွက်လည်း ရင်လေးမိပါတယ်။ အင်းလေ ဆေးမကုစားတတ်ရှာလို့ပဲ ဂျာနယ်တိုက်ပိုင်ရှင် ဘ၀နဲ့ သူများတွေကို ပုတ်ခတ်ပြီး စားသောက်နေရတဲ့ဘ၀ ဖြစ်နေရတာပေါ့လေ။ ကြားထဲက ဓားစာခံ ဖြစ်သွားရတဲ့ ဆရာကြီးဦးကြည်စိုးမှာလည်း နာမည် နဲ့ ဂုဏ်သိက္ခာထိခိုက်ရပါတယ်။ ဆရာကြီးအတွက် ဆမ အပိတ်ခံရခြင်းသည် ဆရာကြီး၏ စီးပွားရေးများကိုထိခိုက်ခြင်းမရှိပေ။ ဆရာကြီးက အေးအေးဆေးဆေးဂေါက်ရိုက် အနားယူပြီး ကမ္ဘာပတ်နေနိုင်သည့်အထိ ချမ်းသာပါသည်။ လူနာများက ကြည်ဖြူစွာပေးအပ်သော သမာအာဇီဝ ဥာဏ်ပူဇော်ခများနှင့်သာ ချမ်းသားနေခြင်းဖြစ်ပါတယ်။ ဒေါက်တာ သန်းထွန်းအောင်ကဲ့သို့ ၀ိသမလောဘတက် သူများကိုပုတ်ခတ် ပြိုင်ဆိုင်မှ စားရသောက်ရသုံးရသူမဟုတ်ပါ။

Eleven Media Group နှင့်ပင် အားမရလို့ ဗလာစာအုပ်တွေထုတ်တာ အဲဒီအတွက် တခြားတံဆိပ်တွေအပေါ် ဘယ်လိုတွေအကောက်ကြံခဲ့တာ၊ နောက် 90:00 Minute ဂျာနယ်အပေါ်ဂျောက်ချခဲ့တာ၊ ခုလည်း SSC ဆေးခန်းကို မကောင်းကြံပြန်ပါတယ်။ ဒါပေမယ့်လည်း ခု SSC ဆေးခန်းက ဘာမှမဖြစ်သလို၊ 90:00 Minute ဂျာနယ်ကလည်း အောင်မြင်လျက်ပါပဲ၊ Eleven Sports ဂျာနယ်ဆိုတာကလည်း အိမ်သာသုံးစက္ကူသာသာ စက္ကူတွေကို ဂျာနယ်ထုတ်ပြီး သူများထက်ဈေးကြီးအောင်ရောင်းနေတဲ့ ပြည်သူတွေကျန်းမာရေးတောင်ထိခိုက်နိုင်တဲ့ စက္ကူအမျိုးအစားဖြစ်ပါတယ်။ ဆရာဝန်တွေမှာ သမားတို့စောင့်ထိန်းအပ်သောဂုဏ်အရည်အချင်းဆိုပြီး Rule (Oak) of Geneva ဆိုပြီးကို အခိုင်အမာရှိပါတယ်။ ခုတော့ ဒေါက်တာ သန်းထွန်းအောင်ဆိုတာ ဆရာဝန်လို့ပြောရမှာတောင် ရှက်ဖို့ကောင်းနေပါပြီ။ တကယ်တော့ ဦးသန်းထွန်းအောင် အဖြစ်နဲ့အသိအမှတ်ပြုသင့်ပြီး ငွေရှိပြီးထင်တိုင်းကြဲနေတဲ့ အောက်တန်းကျသော စီးပွားရေးသမားတစ်ယောက်သာဖြစ်ကြောင်း လူသိရှင်ကြား တရားဝင်ကြေငြာလိုက်ပါပြီ။ ဒါတောင် Royal Eleven FC ဘောလုံးအသင်းအနေနဲ့ တတိယတန်းမှာ Winner FC အပေါ် စလင်းကွင်းထဲမှာ ဒိုင်နဲ့ပေါင်းပြီး ညစ်ပတ်ခဲ့တာတွေ၊ ဒုတိယတန်းမှာလည်းကောင်း၊ ပထမတန်းတွင်လည်းကောင်း (အဲဒီဘောလုံးအသင်းများနာမည်တော့မပြောတော့ပါ) ညစ်ပတ်ခဲ့တာတွေ အများကြီး အများကြီးပါ။ နောက်ထပ်လူသိမခံဝင့်၊ ပြည်သူများမသိသင့်သော သတင်းများလည်း Eleven Business Group ကြီးနဲ့ ပတ်သက်ပြီး အများကြီးရှိနေပါသေးတယ်။ အထက်ကိစ္စတွေမဟုတ်ပါဘူးဆိုပြီး တရားဝင်ဂျာနယ်တွေကနေ ပြန်ငြင်းမယ်ဆိုလည်း ငြင်းနိုင်ပါတယ် ဦးသန်းထွန်းအောင်။

ဆရာကြီးလို လူတော်တစ်ယောက်အတွက် နိုင်ငံခြားဆိုတာ ၀င်ငွေပိုကောင်းပါတယ်။ သူ့ ဘ၀အတွက်ပိုကောင်းတဲ့ နိုင်ငံခြားမှာမနေပဲ၊ မြန်မာနိုင်ငံကို အလုပ်အကျွေးပြုနေတာ ဆရာကြီးရဲ့စေတနာပါ။ တကယ်လို့ သင်ဆိုလျှင်ကော နိုင်ငံအတွက်ဆိုပြီး အနစ်နာခံနိုင်မလား ။ ဒီလိုလူတယောက်ကို ၀ိုင်းဝန်းပယ်ထုတ်လိုက်ခြင်းမှာ ဘယ်လို အကျိုးကျေးဇုူးတွေ ဖြစ်လာနိုင်သလဲ။ စဉ်းစားကြည့် ပါ။ တကယ်တမ်းနစ်နာတာ ကျွန်မတို့ ပြည်သူတွေပါ။ အဲဒါကိုကောင်းမှန်းမသိ ၊ဆိုးမှန်းမသိ သူတပါးကိုပုတ်ခတ်လိုက်ရလျှင်ပဲ ငါဟဲ့ ဆိုပြီးဖြစ်နေတဲ့ လူ အောက်တန်းစား၊လူပြိန်း၊လူညံ့ များအား ကျွန်မတို့ ဆေးလောကအသိုင်းအ၀ိုင်းက သနားတယ်လို့ ပြောပြီးဟားတိုက်တောင် ရယ်ချင်ပါသေးသရှင် (မီဒီယာသမား မီဒီယာသမားနဲ့ ရတဲ့ပိုက်ဆံကိုအရက်သောက်၊ အပျော်ကြူး၊ ရပ်ကွက်တွေမှာ အသုံးမကျတဲ့သူတွေ Journalist ဖြစ်နေတာက 98% ပါ)။

တကယ်တော့ ဆရာကြီးက အောင်ရတနာဆေးခန်းနှင့် ထိုဆေးခန်းမှ ဆရာဝန် နစ်နာမည်ကိုစိုးရိမ်ပူပန်ပြီး SSC ဆေးခန်းနှင့်တိုင်ပင်ကာ သူကခေါင်းခံပေးလိုက်ခြင်းဖြစ်ပါတယ်။ သူက အသက်ကြီးပြီ ဟိုဆရာဝန်လေးက တက်လမ်းရှိသေးတယ်ဆိုပြီး ဆရာကြီးဘက်က အနစ်နာခံသွားခြင်းဖြစ်ပါတယ်။ လေးစားဖို့ကောင်းသော ဆရာကြီးပင်ဖြစ်ပါတယ်။ SSC ကလည်း အပြုံးမပျက်သလို ဆရာကြီးဦးကြည်စိုးသည်လည်း ဆရာဝန်ဖြစ်သည်မှ စပြီး အနားကောင်းကောင်းမယူနိုင်ပဲ ခွဲရစိပ်ရတဲ့ဘ၀က ကျွတ်လွတ်သွားကာ ကောင်းမွန်လွတ်လပ် စိတ်ချမ်းသားစွာ အနားယူသွားပြီဖြစ်ပါတယ်။ ဆရာကြီးတော်မတော်ဆိုတာကို ငြင်းခုံမနေပဲ ဆရာကြီးနှင့်ပတ်သက်သူများကို မေးနိုင်ပါတယ်။

သူငယ်ချင်းတို့ လည်း ဒီမေးလ်ကိုဖတ်ပြီး မသိသေးတဲ့ သူတွေ ကို forward လုပ်ပေးလိုက်ကြပါနော်။

ရေးသားသူ

အဖြူရောင်(ဆေး ၂)

မေးဘောက်ထဲ Forword တွေဝင်လာတယ်။ ဒါနဲ့ ဖတ်ကြည့်တော့ .. တကယ်ကို ပေါက်ကရတွေဖတ်နေရတယ်ဗျာ…။
အဖြူရောင်မဟုတ်တဲ့ အမည်းရောင်(ဆေး-၂) က ပြောတာ တရားလက်လွတ်ဖြစ်လာလို့ ၀င်ပါမိတော့တယ်။
သူတို့ပြောတာ အရင်ဖတ်ကြည့်လိုက်….

သူငယ်ချင်းတို့ရေ.. အဖြူရောင် ဆေး၂ ရေးထားတာ တကယ်ကို မှန်ပါတယ်… ဒီဆေးလောက မှာ ရှိနေတဲ့လူတွေအားလုံးက ဆရာကြီး ဦး ကြည်စိုးဆိုတာ ဘယ်လိုလူလဲဆိုတာသိကြပါတယ်.. ပြီးတော့ အစာအိမ်နဲ့ အူလမ်းကြောင်းရောဂါရှင်ပေါင်းမြောက်များစွာကို ကုသခဲ့ဖူးတဲ့ လူတော်တစ်ယောက်ပါ..

တကယ်တမ်း အပြစ်တင်သင့်တာက ငွေရှိရင်ပြီးရော ငွေရပြီးရောဆိုပြီး ဟိုတယ်ခန်းလို နေရာမှာ ဆေးရုံဆေးခန်းတွေ ထောင်.. လူနာတွေဆီက ငွေကို လှိမ့်ယူနေတဲ့ PUBLIC CLINIC တွေပါ။

ဆရာဝန်တွေကို ရောင်းကုန်တစ်ခုလို သဘောထားပြီး သူတို့ စိတ်ကြိုက် ခြယ်လှယ်နေကြတာပါ…

ဆေးရုံဆေးခန်းလို့သာ နာမည်ခံထားပေမဲ့ လူနာတွေအတွက်လိုအပ်တဲ့ follow up system တွေ Investigation တွေကိုတော့ လုပ်ပေးဖို့ ပျက်ကွက်နေတာကို ဘယ်သူမှ သတိမထားမိကြပါဘူး…

တကယ်တမ်းဆို ရန်ကုန်ဆေးရုံကြီးလို နေရာမျိုးမှာဖြစ်ခဲ့ရင် ဒီလူနာကောင်မလေးဟာ သေနိုင်ဖို့ chance အခုလက်ရှိထက် 30-50% လောက်ကို ကျသွားမှာသေချာပါတယ်.. YGH မှာ၂၄နာရီ

တာဝန်ကျ ဆရာဝန်တွေအသင့်ရှိနေပါတယ်.. ပြီးတော့ EMERGENCY အခြေအနေမှာ ရှိနေတဲ့ ဆရာဝန်က ဘယ်ဆရာဝန်ကြီး ဘယ်ပါရဂူကြီးရဲ့ လူနာကို ဖြစ်ဖြစ်… ကာယကံရှင်ဆရာဝန်ကြီး မရှိပေမဲ့လည်း လိုအပ်တဲ့ ကုသမှုပေးခွင့်ရှိပါတယ်.. အဲဒါဟာ လူနာတွေအတွက် အရမ်းကို safe ဖြစ်ပါတယ်.. အပြင်ဆေးခန်းတွေမှာတော့ ပါရဂူကြီး အထူးကုကြီးတွေရဲ့ လူနာဆိုရင် ဘယ်ASကမှ ကုသခွင့် မရှိတော့ပါဘူး သေလောက်အောင်ဖြစ်နေလို့ ဆေးထိုးချင်တယ်ဆိုရင်တောင်မှ မရပါဘူး.. အဲဒါဟာ ဘယ်သူထုတ်ထားတဲ့ စည်းကမ်းလဲဆိုတော့ clinic ပိုင်ရှင် ငွေရှင်ကြေးရှင်ကြီးတွေ ရဲ့ အလိုအတိုင်းပါ.. ဘာလို့လဲဆိုတော့ လူနာဆီက ငွေကို မတန်တဆယူထားတဲ့အတွက် တစ်စုံတစ်ရာ ချွတ်ချော်သွားခဲ့ရင် သူတို့ အပြစ်မဖြစ်အောင်လို့ပါ.. လူနာနဲ့ဆရာဝန်ဆိုတာ ဘယ်လိုမှ ခွဲခြားလို့မရပါဘူး.. အမြဲတမ်း လူနာအတွက် standby ဆရာဝန်တွေရှိနေသင့်ပါတယ်.. ပြီးတော့ post-op period မှာလည်း လုံလောက်တဲ့ care ကိုမပေးနိုင်တာ ဆရာဝန်အပြစ်တဲ့လား.. ဒါဆို ဆရာဝန်ဆိုတဲ့လူက ဆေးကုလည်းသူ… operation လည်းသူ.. investigation လည်းသူ.. အကုန်လုံးကို တစ်ယောက်တည်းလုပ်ရတော့မယ်ဆိုတဲ့ သဘောဖြစ်မနေဘူးလား.. ကိုယ့်ရဲ့အမှားကို ဖုံးကွယ်ဖို့အတွက် ဆရာဝန်ကို ဓားစာခံလုပ်လိုက်တာ လုံးဝ မဖြစ်သင့်ပါဘူး .. ဒီလို ထူးချွန်တဲ့ ဆရာဝန်တစ်ယောက်က ဆမ အသိမ်းခံရလို့လည်း သူ့ဘ၀ ပျက်မသွားပါဘူး.. မြန်မာပြည်မှာသာ ခုလို လူတော်တစ်ယောက်ကို ဆုံးရှုံးလိုက်ရတာပါ.. ကိုယ့်စီးပွားရေးတစ်ခုတည်းအတွက် ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုပြီး လုပ်ချင်ရာလုပ်.. ကလောင်တစ်ချောင်းနဲ့ ရေးချင်ရာရေးနေရင်တော့ လုံးဝကို မတရားပါဘူး။ ဒါကြောင့် တာဝန်ရှိတဲ့ SSC clinic ကိုရော.. မဟုတ်တာတွေရေးပြီး ဆရာဝန်တွေကို အပုပ်ချချင်တဲ့ အသားထဲကလောက်ထွက်တဲ့ weekly eleven ပိုင်ရှင် ဒေါက်တာ အမည်ခံသူကြီးရော မေးလိုက်ချင်ပါတယ်..ဘယ်သူကအပြစ်ရှိသလဲဆိုတာကို..

ရေးသားသူ

မြတ်မိုရ်.. ဆေး(၁)

ကဲတွေ့တဲ့အတိုင်းပဲဗျာ ..

ဒီတော့ ကျွန်တော်ပြောချင်တာက …အဖြူရောင်မဟုတ်တဲ့ အမည်းရောင်(ဆေး-၂) – ခင်ဗျားတို့ ပြောတာများလွန်းနေပြီ။ အမှန်တရားကိုတော့မြင်အောင်ကြည့်ပါ။ ကိုယ့်ဆရာကိုပဲ အမွှမ်းတင်မနေနဲ့။ ‘ဒီကိစ္စဟာ ပြည်သူရှေ့မှာ၊ လူအများရှေ့မှာ တရားဝင်ရှင်းတာအကောင်းဆုံးပါ။ အဲဒီလိုရှင်းမယ်ဆိုရင် ဒေါက်တာကြည်စိုးရယ်၊ SSC ပိုင်ရှင် ဒေါက်တာ ဇော်ထွန်းရယ်၊ ဆေးကောင်စီဥက္ကဋ္ဌရယ်၊ Eleven က ဒေါက်တာသန်းထွန်းအောင်နဲ့ အခြားမီဒီယာသမားတွေ တွေ့ပြီး Debate လုပ်ရင်ကောင်းမယ်။ ဘယ်သူကမှားလဲ၊ ဘယ်သူက မှန်လဲရှင်းကြပေါ့။ ဒါဟာ အဖြေမှန်ရဖို့ပါ။ ဆရာဝန်ပဲဖြစ်ဖြစ်၊ အင်ဂျင်နီယာပဲဖြစ်ဖြစ်၊ ဂျာနယ်လစ်မီဒီယာသမားဖြစ်လာပြီဆိုရင် သတင်းကလည်း မှန်နေရင်တော့၊ မှန်တဲ့အတိုင်းပဲ ရေးကြမှာပဲ။ ဒါမျိုးကို လုံးဝထောက်ခံတယ်။ အဲဒီဆရာဝန်ကို ငါးနှစ်ပိတ်တာ၊ အရေးယူတာဆေးကောင်စီကပါ။ ဂျာနယ်တွေက ပြစ်ဒဏ်ပေးတာမှမဟုတ်တာ။ ဘာလို့ ဂျာနယ်တွေကိုမဲနေတာလဲ။ ပုဂ္ဂလိကဆေးခန်းတွေ ခင်ဗျားတို့ မဟုတ်တာလုပ်သမျှပေါ်ကုန်မှာစိုးလို့လား။ ခင်ဗျားတို့ကြောင့် မှားယွင်းမှုကြောင့် အသက်သေဆုံးရတာ ဒီတစ်ယောက်တည်းမဟုတ်ဘူး။ ပြည်သူတွေကိုလည်း မေးကြည့်လိုက်ပါ။ သတ္တိရှိရင်ခင်ဗျားလည်း ဒီကလောင်နဲ့ မီဒီယာပေါ်တက်ရေးလေ။ ခင်ဗျားတို့နားလည်ဖို့က ဒီကိစ္စမှာ ဆေးကောင်စီက အရေးယူတာလေးနဲ့ပြီးနေတာ ကံကောင်းတယ်မှတ်ပါ။ နိုင်ငံခြားမှာဆို လူသေမှုနဲ့ ခင်ဗျားတို့အားလုံး ထောင်ကျနေပြီ။

ရန်နိုင်

ဘယ်သူရေးတာလဲတော့မသိဘူး ရန်နိုင်ဆိုတဲသူ … …အကြံပေးထားတဲ့ Debate ဆိုတာလေးကတော့ကောင်းပါတယ်…လွတ်လပ်စွာပြောဆိုရေးသားခွင့်မရှိသမျှတော့ ၊ ညီညွတ်မမျှတတဲ့ အခွင့်အရေး သြဇာ အာဏာတွေ မိုးမွှန်နေတဲ့ ကျွန်တော်တို့ ဆီမှ လုပ်ခွင့်ပေးပါ့မလား….

တစ်ခုပြောချင်သေးတယ်…အဖြူရောင် ဆေး-၂ က တရားလက်လွတ်ပြောမပြော၊ ဆရာသမားဘက်လိုက်မလိုက်တော့ မသိဘူး … ကိုရန်နိုင် email က ဖတ်တောင်မဖတ်ရသေးဘူး သူတစ်ပါးကလောင်နာမည်ကို အသားလွတ်ကြီး အမည်းရောင် ဆေး-၂ ဆိုပြီး တိုက်ခိုက်လိုက်တာ ဆိုးပါတယ်…

အခုကိစ္စက ဆရာဝန် နဲ့ ကလောင်ရှင် တိုက်ပွဲလား … …

ရန်ဖြစ်မနေကြနဲ့ လေ … …ပိုကောင်းအောင် media ကနေ တိုက်တွန်းပေါ့ … ဘယ်ဆေးခန်းကတော့ ဘာတွေလိုတယ်..လိုအပ်တဲ့ အဆင့်အတန်းကို

ဝိုင်းတိုက်တွန်းကြလေ …ဒါမှ ပြည်သူတွေအတွက်အကျိုးရှိမှာပေါ့ …by name နဲ့  ဘယ်ဆေးခန်းရဲ့  ၀န်ဆောင်မှု အပြင်အဆင်က ဘာညာပေါ့ သူတို့ အချင်းချင်း မျှမျှတတနဲ့  လူနာအကျိုးအတွက် အပြိုင်အဆိုင်ဖြစ်အောင် လုပ်လိုက်ပေါ့… အဓိကက ပုံမှန်တူတွေအတွက်အကျိုးပါ ဆေးခန်းတွေကလာဒ်ပေးတာယူတဲ့ ကလောင်ရှင်တွေကို ဒီအတိုင်လွတ်မထားနဲ့ ပေါ့ .. 😉 by name နဲ့ သာပြော… ကိုယ်ပြောတဲ့သတင်းကို ကိုယ်တာဝန်ယူအောင် ကလောင်နာမည်နဲ့  ဓါတ်ပုံနဲ့ တွဲမှာ သတင်းလောကမှာ ရေးခွင့်ပေး … …၀တ္ထု၊ကဗျာတို့ ရဲ့ ကလောင်မှာ ဓါတ်ပုံမပါတာ ကိစ္စမရှိဘူး အဲဒါတွေက ရသပိုင်းလေ… သတင်းမှာ ရေးသူနဲ့ ဓါတ်ပုံမပါတော့ သူရေးတဲ့သတင်းက အဆိပ်အတောက်ဆို ဘယ်သူလက်ချက်လဲ၊ ဘယ်သူတာဝန်ယူမှာလဲ … ပြော … အဲဒါလေးလည်း လုပ်ကြပါဦး….

(X Y)


Reply by Nyi Win
|
StarredNyi Win
StarredNyi WinLoading…
15 Dec (12 days ago)

lzw
I do not know the exact details regarding the case
either before or after the surgery

but my personal view is that
Prof. U Kyi Soe was in bad luck that the patient died

there has been many cases where Acute Appendicitis was diagnosed and Appendectomy done
only to find during operation that the pre-op diagnosis was wrong
the good appendix has to be removed
to prevent it from developing appendicitis later
many who abroad for good have their appendix removed
to prevent appendicitis (a common disease) and high medical costs abroad
so when the abdomen has been opened and found that the diagnosis of appendicitis is wrong
the appendectomy has to be done
even if it is not appendicitis
it is the usual procedure

diagnosis of appendicitis is a clinical one
investigations like ultrasound and blood tests are not so important
when a surgeon or a non-surgeon government doctor with operation facilities diagnose a case of appendicitis (by clinical methods: history taking, physical examination consisting of inspection, palpation and auscultation) appendectomy has to be done even if the diagnosis is later found to be wrong

the diagnosis of appendicitis might have been made by ultrasound as written
and that it was actually a case of appendicitis
I do not know
also what Prof. U Kyi Soe’s travel plans were
BUT
there was no proper investigation into the case
and the verdict was too quick
a Kangaroo court
looking for a scapegoat and early case closing (to be able to report that the problem has been solved as early as possible)
without giving thought to procedure

I will repeat again
Prof. U Kyi Soe was just unlucky
to be the man in the spot
whatever the details were

the current private hospitals have much to be desired
not being a real hospital in any sense
only being private
paying
better care
in-patient treatment clinics
with no separate wards
and ward incharge (specialist Residents)
who will take care of the patients 24 hours a day for those attending the hospital directly without consulting their specialist of choice
and also patients admitted to hospital by specialists
even in the absence of their treating specialists
because we do not have more than a few non-government specialists
our medical teaching do not permit non-government doctors to attend post-graduate medical studies
being too narrow minded
and unwilling to liberalize
even more than 20 years after Sept 1988 and the open market economy
the doors are not really open
kept nearly closed
by the authorities

Linn Zaw Win

to me

show details 16 Dec (11 days ago)

Phewwww……
After reading your reply, I realized that “နောက်ဆုံးတော့လည်း ဒီဘူတာပဲဆိုက်တာပဲ”
I also understood that Prof. U Kyi Soe was just unlucky since I first read the article from the journal.
Things are so complicated concerning with such things.
You might remember one of my friends whose one leg is supported by iron rods and walking abnormally.
I don’t remember well but as far as I remember, he said that he got shock due to the injection when he was young and you or Mom (I don’t remember) told me that it was just a bad luck of that doctor doing injection to the one who’s getting polio.
May be what I remember are a bit biased.

All (by NW) 28 Dec 2009

what lzw remembered was a classical case of doctors being blamed when someone developed paralytic polio

if a child develops polio, it is difficult to diagnose before the onset of leg weakness

at the time, the treating doctor might give injection to the patient

the injection precipitates the onset of paralysis

on the side injected (sometimes both if both sides are injected on the same day or consecutive days)

the weakness will develop (it might also develop if there had been no injection)

and the doctor is blamed (of course, if there had been no injection, he would not be blamed, but as things are, general practitioners give injections for various reasons which I will not discuss at this time)

the attitude of the public is: Hsay Htoe Hmarr Lo. ChayHtauk Thay Twarr Dae

actually it is not giving a wrong injection (medicine type) or wrong site of injection

but giving injection to a polio case which is difficult to diagnose and was not diagnosed as polio so injection was given

so unless a doctor does not give injection to all patients as a routine procedure and treat with oral drugs only, he will be blamed for the development of paralysis of his patient

if it occurs, although the paralysis was precipitated by the injection, the doctor is just being unlucky to have an early case of preparalytic polio patient come to him/her

ps

sometimes I wonder how the Buddhist teaching of Kan – Kan Ah.Kyoe applies here

does the polio patient becomes lame because of his previous misdeeds?

did the doctor meet a case of polio because of his/her past misdeeds?

or

did the doctor do a wrong thing giving injection to a patient?

I have no answer

Advertisements

Tags: ,

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: